ချစ်ခြင်း၏ အပိုင်းအစများ(၁)
၁။ အတွေးမကြွယ်
ကလေးအရွယ်က
လွယ်အိတ်ကိုယ်စီလွယ်လို့
ရွာငယ်ကကျောင်းလေးမှာ
ပြေးလွှားကာဆော့ကစား
ကျောင်းသွးဖော် သူငယ်ချင်း
ဖြူစင်တဲ့ ချစ်ခြင်းနဲ့ပါ.....
၂။ တို့တတွေ အရွယ်ရောက်လို့
ရှက်ကြောက်စိတ်တွေ မွေးဖွား
နှလုံးသားနုမြစ်မှာ ချစ်တတ်လာကြ
ငါနဲ့ နင်...
ဖြူစင်တဲ့ ချစ်ခြင်း
အသက်သွင်း ထားဆဲပါ.....
၃။ နှောင်းရိပ်က သံယောဇဉ်
ခင်မင်မှု ပန်းတံတားမှာ
ဆန်းပြားလာတဲ့ ချစ်ခြင်း
အတင်းမျိုသိပ် တိတ်တိတ်ရယ်
မင်းသိလားကွယ်.....
၎။ အလှသွေးကြွယ်
ငယ်ဖော်မလေးအပြုံး
နှလုံးသားကိုကျွေး
နှစ်သိမ့်ပေးရင်း
အချစ်မေးခွန်းများစွာ
ရင်မှာသိုဝှက်
နိုးတဝက် အိပ်မက်နဲ့ပေါ့.....
၅။ ဆိုင်သာဆိုင်လို့
မပိုင်တဲ့ အသဲဖြူ
တစ်ပါးသူရင်ခွင်ထက်မှာ
မှေးစက်ပျော်လေတော့
သူငယ်ချင်းမလေးရေ
မင်းတို့ လျှောက်ရာလမ်း
ငါ့နှလုံးသားပန်းတွေခင်းလို့
ငါလေ...
မျက်ရည်ဝဲရင်း ပြုံးခဲ့တယ်.....
ခိုင်ဇံမိုး
Thursday, December 24, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment