မှတ်ထားပါ
တနေ့တွင် မြို့တွင်အလုပ်လုပ်နေသော သမီးက မိမိ၏ခင်ပွန်းလောင်းကိုမိတ်ဆက်ရန်အတွက် ရွာသို့ခေါ်လာလေသည်။ အိမ်သို့ရောက်၍ မိတ်ဆက်ပေးသောအခါ မြို့သားများကို အထင်မကြီးသော ယောက္ခမလောင်းကြီးက သဘောမကျပေ။ ထို့ကြောင့် တစ်နေ့တွင် ပညာပြလိုသဖြင့် ‘‘ မင်း ကဏာန်းဖမ်းတတ်သလားကွ ’’ မြို့သားမှာလည်း မျက်နှာရလိုဇောဖြင့် ‘‘ ဟုတ်ကဲ့ ၊ ဖမ်းတတ်ပါတယ် ’’ ၊ ‘‘ အေး ၊ လာ လာ ဒါဆိုရင်ဖမ်းပြစမ်းကွာ ’’ ဟုဆိုကာ ရွာနောက်ဖက် ချောင်းကမ်းနား သို့ခေါ်သွားလေသည်။ ကမ်းစပ်တွင် ကဏာန်းတစ်ကောင်တွေ့ သဖြင့် ‘‘ကဲ၊ အဲဒီ ကဏာန်းကို ရအောင်ဖမ်းစမ်းကွာ ’’ ။ မြို့သားမှာ မျက်နှာရလိုသဖြင့်သာ ဖမ်းတတ်သည်ဟုပြောရကာ မဖမ်းတတ် ဖမ်းတတ်ဖြင့် လိုက်၍ဖမ်းလေသည်။်ခဏအကြာတွင် ကဏာန်းကိုမိသဖြင့် ဝမ်းသာအားရ ကောက်ကိုင်လိုက်ရာ ကဏာန်းက သူ၏လက်မဖြင့် လက်ကိုညှပ်လေသည်။ထိုအခါ နာသဖြင့်လက်ကို ခါယမ်းလိုက်ရာ ကဏာန်းမှာ လက်မပြုတ်၍ အောက်ကိုကျသွားသည်။ ထိုအခါ ယောက္ခမလောင်းကြီးက ‘‘ ဟာကွာ၊ မင်းကလဲ ရခါနီးမှ ပြန်ဖမ်း၊ ပြန်ဖမ်း ’’ ဟုဆိုလေသည်။ မြို့သားမှာ လက်တွင်ညှပ်မိနေသော လက်မကိုခွာ၍ ထပ်ဖမ်းပြန်သည်။ ထိုအခါလည်း ကျန်ရှိသောလက်မနှင့် အညှပ်ခံရပြန်သည်။ ပထမနည်းအတိုင်း လက်ကိုခါလိုက်ရာ ကဏာန်းလက်မပြုတ်၍ ကျသွားပြန်သည်။ ထိုအခါမှ ယောက္ခမလောင်းကြီးက ‘‘ အေး၊ မှတ်ထားကွ ။ ကဏာန်းဆိုတာ ဒီလိုဖမ်းရတယ် ’’ ဟုဆိုကာ ညှပ်ရန်လက်မ မရှိသော ကဏာန်းအားကောက်၍ ဖမ်းပြလိုက်လေသည်။
Sunday, December 20, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment