မဆုံသောလမ်း
ချစ်သူသက်ထား
သူ့အနားက သွားတော့မယ်လို့
အားငယ်နှုတ်ဆက် မချန်ရက်တော့
ပင့်သက်လှိုက်နွမ်း ရင်မချမ်းမြေ့
မျက်ရည်ဝေ့ပြီ
ကိုယ့်အချစ်ကို ပေးထားခဲ့သူ
မေ့ဘူးမေရယ်......ဝေးတော့မယ်။
ကျောခိုင်းဆန့်ကျင် ဝေးရာနှင်လည်း
မြုံးတွင်မိထား နှလုံးသားကို
မျက်ဝါးထင်ထင် ပြန်တွေ့မြင်ရ
ဆို့နင့်ရမြဲ မပျော်ရဲချေ
ရင်ထဲ ထိခိုက်ရလွန်း၏။
ပြုံးလို့ပျော်ရွှင် စိတ်ကြည်လင်သော်
ချစ်အိပ်မက်များ ပြန်ယူထားချင်
ဆန္ဒဝင်လည်း ဘဝအငှားမျည်းသားပြီးမို့
ကိုယ့်စည်းကိုယ်ခတ် သည်အရပ်က
လက်ပြနှုတ်ဆက် ပြန်ခဲ့ရပြီ။
ရှေ့ခရီးဆက် လမ်းတစ်ဝက်က
ဆုံရန်မရေရာ မသေချာတဲ့ဘဝ
စွန့်လွတ်ရင်းနဲ့ နှုတ်ဆက်ခဲ့တယ်ချစ်သူရယ် ။ ။်
ဒီကဗျာလေးက သူငယ်ချင်းတစ်ယောက်က ကျွန်တော်အရမ်းကြိုက်လို့ လက်ဆောင်ပေးထားတာပါ။ ဖြစ်ချင်တော့ သူရေးထားတဲ့ကဗျာလဲ မဟုတ်ပါဘူး။ ဘယ်သူရေးမှန်းလဲ မသိပါဘူး။ ရေးတဲ့ အချိန်ကတော့ တော်တော်ကြာပြီထင်ပါတယ်။ ကျွန်တော်ရတာတောင် ၁၉၉၉ လောက်ကပါ။ရေးတဲ့သူ ဖတ်မိရင်ခွင့်လွတ်စေချင်ပါတယ်။
Thursday, November 12, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment