Wednesday, September 23, 2009

ပင်လယ်နဲ့ တောင်တန်းကြားကမြို့


ဒါဟာ.....
ပင်လယ်တစ်ခြမ်း
တောင်တန်းတစ်ခြမ်း အိပ်မက်မက်နေတဲ့
လူ သာမန်တွေ နေတဲ့မြို့ ။

တဝုန်းဝုန်း တဒိုင်းဒိုင်း
လှိုင်းပုတ်သံ ကြားတာတောင်
အိပ်ရာက မထနှိုင်တဲ့မြို့ ။

တစ်ရက် တစ်ရက်
အသက်တွေ သာကြီးသွားတယ်
လွမ်းရိပ် မပြယ်တဲ့မြို့ ။

တစ်နှစ် တစ်နှစ်
အချစ်တွေသာ တိုးပွားတယ်
စီးပွားရေး ပက်ပက်စက်စက်အိပ်စက်တဲ့မြို့ ။

ကိုယ့်ဘာသာ ကဗျာရေ်း
လူစုံရင် အရက်သောက်
နေညိုချိန် တိမ်တောက်အိမ်ပျောက်နေတဲ့မြို့ ။

စုစည်းမှု လူငယ်တစ်စုကြောင့်
ခုံပေါ်ကလူ အရိပ်ပျောက်
အိပ်ပေါက်နဲ့ ဖားကောက်ရတဲ့မြို့ ။

ရေခံမြေခံ ကောင်းတာတောင်
ဘဝလှလှတွေ မတွေ.ရတဲ့
ဦးစန္ဒဘော် တည်ထောင်တဲ့မြို့ ။

ဘယ်သူ ဘာပြောပြော
ကိုယ့်ဘဝပေါ်ကိုယ် ခပ်ပျင်းပျင်းလှဲရင်း
Generation စာအုပ်ကိုဖတ်တဲ့မြို့

ပင်လယ်နဲ့ တောင်တန်းကြားကမြို့။ ။




မွေးရပ်မြေ ရခိုင်ပြည်နယ်၊ ဂွမြို့နယ်သို့ အမှတ်တရ့

No comments:

Post a Comment