ဝိဝါဒ
လွမ်းမောစရာနေ့ တစ်နေ့ပါချစ်သူ ။
အချစ်ဟာ...
အချစ်နဲ့စပြီး အချစ်နဲ့ပဲဆုံးသင့်တာပေါ့
စိတ်ကြိုက် ဖန်တီးခွင့်ရရင်
ကြမ္မာဆိုးကို ကြိုးတစ်ချောင်းအဖြစ်အသွင်ပြောင်း
ဓါးတစ်ချောင်းနဲ့ ခုတ်ဖြတ်ပစ်လိုက်ချင်တယ် ။
ဒါပေမယ့်
မလွမ်းလောက်ပါဘူး ချစ်သူ
အချစ်နဲ့ အချစ်ရဲ့တိုက်ပွဲမှာ
ချစ်သူက လွတ်လပ်စွာအောင်နိုင်ခဲ့တယ် ။
ကိုယ်ကတော့ နိမ့်ကျစွာကျရှုံးခဲ့တယ် ။
ပူလောင်အေးစက်တဲ့ အကြည့်ဒဏ်ကို
တခါတရံမှာ မခံနိုင်ခဲ့ဘူး
တခါတရံမှာ သူ့အပြုံးကို မလွန်ဆန်ခဲ့ဘူး ။
ဘဝနဲ့ ဘဝကို
စည်းချက်ညီအောင် ထုဆစ်ရတာ
စိတ်ကူးယဉ်သလို သက်သေပြချက်မလွယ်ကူဘူး ။
နားလည်ပါချစ်သူ.....
ခွဲခွါသွားကြတာ မဟုတ်ပေမယ့်
တစ်စတစ်စ ဝေးနေတာပါ..........။
စိတ်ပျက်စရာ မဟုတ်ဘူးချစ်သူ
ဆက်လျှောက်လမ်းမယ့်လမ်းတစ်လျှောက်မှာ
လက်နှစ်ဘက် အတူဆွဲကိုင်ပြီး
အယူအဆတွေ လွဲပိုင်ခွင့်ရှိပါသေးတယ် ။ ။
Wednesday, September 23, 2009
ပင်လယ်နဲ့ တောင်တန်းကြားကမြို့
ဒါဟာ.....
ပင်လယ်တစ်ခြမ်း
တောင်တန်းတစ်ခြမ်း အိပ်မက်မက်နေတဲ့
လူ သာမန်တွေ နေတဲ့မြို့ ။
တဝုန်းဝုန်း တဒိုင်းဒိုင်း
လှိုင်းပုတ်သံ ကြားတာတောင်
အိပ်ရာက မထနှိုင်တဲ့မြို့ ။
တစ်ရက် တစ်ရက်
အသက်တွေ သာကြီးသွားတယ်
လွမ်းရိပ် မပြယ်တဲ့မြို့ ။
တစ်နှစ် တစ်နှစ်
အချစ်တွေသာ တိုးပွားတယ်
စီးပွားရေး ပက်ပက်စက်စက်အိပ်စက်တဲ့မြို့ ။
ကိုယ့်ဘာသာ ကဗျာရေ်း
လူစုံရင် အရက်သောက်
နေညိုချိန် တိမ်တောက်အိမ်ပျောက်နေတဲ့မြို့ ။
စုစည်းမှု လူငယ်တစ်စုကြောင့်
ခုံပေါ်ကလူ အရိပ်ပျောက်
အိပ်ပေါက်နဲ့ ဖားကောက်ရတဲ့မြို့ ။
ရေခံမြေခံ ကောင်းတာတောင်
ဘဝလှလှတွေ မတွေ.ရတဲ့
ဦးစန္ဒဘော် တည်ထောင်တဲ့မြို့ ။
ဘယ်သူ ဘာပြောပြော
ကိုယ့်ဘဝပေါ်ကိုယ် ခပ်ပျင်းပျင်းလှဲရင်း
Generation စာအုပ်ကိုဖတ်တဲ့မြို့
ပင်လယ်နဲ့ တောင်တန်းကြားကမြို့။ ။
မွေးရပ်မြေ ရခိုင်ပြည်နယ်၊ ဂွမြို့နယ်သို့ အမှတ်တရ့
ဒါဟာ.....
ပင်လယ်တစ်ခြမ်း
တောင်တန်းတစ်ခြမ်း အိပ်မက်မက်နေတဲ့
လူ သာမန်တွေ နေတဲ့မြို့ ။
တဝုန်းဝုန်း တဒိုင်းဒိုင်း
လှိုင်းပုတ်သံ ကြားတာတောင်
အိပ်ရာက မထနှိုင်တဲ့မြို့ ။
တစ်ရက် တစ်ရက်
အသက်တွေ သာကြီးသွားတယ်
လွမ်းရိပ် မပြယ်တဲ့မြို့ ။
တစ်နှစ် တစ်နှစ်
အချစ်တွေသာ တိုးပွားတယ်
စီးပွားရေး ပက်ပက်စက်စက်အိပ်စက်တဲ့မြို့ ။
ကိုယ့်ဘာသာ ကဗျာရေ်း
လူစုံရင် အရက်သောက်
နေညိုချိန် တိမ်တောက်အိမ်ပျောက်နေတဲ့မြို့ ။
စုစည်းမှု လူငယ်တစ်စုကြောင့်
ခုံပေါ်ကလူ အရိပ်ပျောက်
အိပ်ပေါက်နဲ့ ဖားကောက်ရတဲ့မြို့ ။
ရေခံမြေခံ ကောင်းတာတောင်
ဘဝလှလှတွေ မတွေ.ရတဲ့
ဦးစန္ဒဘော် တည်ထောင်တဲ့မြို့ ။
ဘယ်သူ ဘာပြောပြော
ကိုယ့်ဘဝပေါ်ကိုယ် ခပ်ပျင်းပျင်းလှဲရင်း
Generation စာအုပ်ကိုဖတ်တဲ့မြို့
ပင်လယ်နဲ့ တောင်တန်းကြားကမြို့။ ။
မွေးရပ်မြေ ရခိုင်ပြည်နယ်၊ ဂွမြို့နယ်သို့ အမှတ်တရ့
ပြဇာတ်
အမှားတွေ အမှားတွေဆက်တိုက်
ခပ်ကြမ်းကြမ်း လေတိုက်ပါ
အသံတွေ ဆူတယ်နည်းနည်းတိုး
ဘဝကို ပြောင်းပြန်မခပ်ပါနဲ့.......။
မျက်နှာကို အချိုးပြင်ပါ
ဇာတ်လိုက်တွေအတွက် အနက်ရောင်ဝတ်စုံ
ငြိမ်းချမ်းရေးက ဂျိုးဖြူမပါလဲရတယ်
အပြာရောင် မရှိလဲဖြစ်တယ်။
မျက်နှာဖုံးကိုခွာ ဟန်မဆောင်ပါနဲ့
လူ နဲ့ လူ အဆင်ပြေပါစေ
ဆုံးရှုံးဖို့ အဆင်သင့်ဖြစ်ရင်
မီးမှိတ်ပါ..........
ကဲ.....ပြဇာတ်စမယ်။ ။
အမှားတွေ အမှားတွေဆက်တိုက်
ခပ်ကြမ်းကြမ်း လေတိုက်ပါ
အသံတွေ ဆူတယ်နည်းနည်းတိုး
ဘဝကို ပြောင်းပြန်မခပ်ပါနဲ့.......။
မျက်နှာကို အချိုးပြင်ပါ
ဇာတ်လိုက်တွေအတွက် အနက်ရောင်ဝတ်စုံ
ငြိမ်းချမ်းရေးက ဂျိုးဖြူမပါလဲရတယ်
အပြာရောင် မရှိလဲဖြစ်တယ်။
မျက်နှာဖုံးကိုခွာ ဟန်မဆောင်ပါနဲ့
လူ နဲ့ လူ အဆင်ပြေပါစေ
ဆုံးရှုံးဖို့ အဆင်သင့်ဖြစ်ရင်
မီးမှိတ်ပါ..........
ကဲ.....ပြဇာတ်စမယ်။ ။
Subscribe to:
Posts (Atom)